လျှပ်စစ်နည်းပညာသင်တန်း
Generation, Transmission and Distribution ဘာသာရပ်ကိုသင်ကြားပေးခြင်းဖြင့်လူ့အဖွဲ့အစည်း၏အနာဂတ်လိုအပ်ချက်များနှင့်စိန်ခေါ်မှုများကိုဖြည့်ဆည်းပေးနိုင်စေရန်၊Electrical Wiring Design and Illumination ဘာသာရပ်ကိုကျွမ်းကျင်စွာတတ်မြောက်စေခြင်းဖြင့်စက်ရုံအလုပ်ရုံများနေအိမ်အဆောက်အအုံများအတွက် Estimate တွက်ထုတ်ပေးခြင်း၊ Wiring Installation အပိုင်းကိုလှပသေသပ်စွာဖန်တီးပေးနိုင်ရန်၊ Industrial Motor Control နှင့် Programmable Logic Control စသည့်ခေတ်မှီနည်းပညာဘာသာရပ်များကိုသင်ယူခြင်းဖြင့်ဆန်းသစ်တီထွင်မှုကိုမြှင့်တင်စေ ရန် ၊စက်ရုံအလုပ်ရုံများ၊ လူမှုအဖွဲ့အစည်းများနှင့်ဆက်စပ်၍ နည်းပညာဆိုင်ရာဘာသာရပ်များကိုတတ်မြောက်စေခြင်းဖြင့်အရည်ချင်းပြည့်မှီသောလျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်စေရန်ရည်ရွယ်ပါသည်။
ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။GTE-102 အခြေခံနည်းပညာ
၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ET 201 Basic Electrical Drawing
၈။ET 202 Electrical Installation
၉။ET 203 Electrical Engineering Principal
တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)
၅။ET 301 Introduction to PLC(LOGO!8)
၆။ET 302 Industrial Electric Motor Control
၇။ET 303 Electrical Machines
ပေးအပ်မည့်certificate
GTHS Certificate(Electrical Technology)
|
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
အခြေခံပညာစနစ်သစ် KG+12 မှ Grade -9 အောင်မြင် ပြီးသူ |
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးမြောက်သည့်နောက် တိုးတက် လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက် ထားသော စက်ရုံ အလုပ် ရုံ များတွင် wiring installation အပိုင်း၊ Industrial motor control အပိုင်း နှင့် PLC များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်။ |
လက်တွေ့ဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ